Duration 13:22

ပြည်သူတွေရဲ့ကြိုးပမ်းမှုကြောင့် စစ်အာဏာရှင် တာရှည်မှာမဟုတ်ဘူး - BBC News မြန်မာ

83 741 watched
0
2.9 K
Published 19 Jul 2021

ပြည်သူတွေရဲ့ကြိုးပမ်းမှုကြောင့် စစ်အာဏာရှင် တာရှည်မှာမဟုတ်ဘူး- ကိုထိန်လင်း ခေါ် ကင်မ် (ဒေါ်အောင်ဆန်းစုကြည်သားငယ်) - ဒီမိုကရေစီခရီးလမ်းမှာ ဘယ်နှစ်ယောက်ထပ်ပြီး စတေးရဦးမလဲ၊ အာဇာနည်စာရင်းထဲ နောက်ထပ်လူအများ ပါဝင်ခဲ့ပြီးပြီလို့ ဒေါ်အောင်ဆန်းစုကြည် သားငယ် ကင်မ်ကပြော - အာဇာနည်နေ့ အထိမ်းအမှတ် လန်ဒန်မှာ စုဝေးပြီး နွေဦးတော်လှန်ရေး အတွင်း ကျဆုံးသွားသူတွေကိုပါ အလေးအမြတ်ပြု - လင်းဝင်းတဲ့၊ ဥာဏ်ပညာနဲ့ပြည့်စုံပြီး ပိုမိုမျှတတဲ့ လူ့ဘောင်ကို အရောက်သွားကြရာမှာ ကျဆုံးသွားသူတွေရဲ့ စိတ်ဓာတ်ခွန်အားက လမ်းပြလိမ့်မယ် ဆိုပြီးတော့လည်း ကင်မ်က အားပေး - ယူကေ၊ ဥရောပ အပါအဝင် ကမ္ဘာတလွှား အာဇာနည်နေ့ အထိမ်းအမှတ်နဲ့အတူ ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံး သွားသူတွေကို အလေးပြုနေ - စစ်ကောင်စီအောက် အာဇာနည်နေ့မှာလည်း ပုံစံပေါင်းစုံနဲ့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ ကျောင်းသားသမဂ္ဂက ဆော်ဩ - ကိုဗစ်ဒဏ် ထိတ်လန့်စဖွယ် ခံနေရပြီး၊ ဒုက္ခသည်ပြဿနာနဲ့ ငတ်မွတ်ခြင်း အန္တရာယ်ကြုံနေရတဲ့ မြန်မာပြည်ကို နိုင်ငံတကာ အကူအညီတွေ ပေးကြဖို့ NGU ပန်ကြား - ကိုဗစ်ထိန်းချုပ်ရေး လက်တွေ့မြေပြင်ပေါ် NUG ဘာတွေ လုပ်ဆောင်နေလဲ။ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဘီဘီစီ မေးမြန်းခန်း - နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်နဲ့ နောက်တစ်ယောက်ကို ဖမ်းမိပြီလို့ စစ်ကောင်စီတပ်တွေက ပြောတဲ့ အကြောင်း မိသားစုဝင်တွေရဲ့ ပြောဆိုချက်၊ မေလတုန်းက သားကိုလာဖမ်းတုန်း မတွေ့လို့ အမေကို ဖမ်းပြီး ထောင် ၃ နှစ် ချထားတာက အခု သားဖြစ်သူကိုပါ ဖောက်ခွဲရေး ပစ္စည်း၊ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က ပြောနေတာဖြစ် - အစ္စရေး ထောက်လှမ်းရေးနည်းပညာ ကုမ္ပဏီက ထုတ်တဲ့ ဆော့ဖ်ဝဲကို ကမ္ဘာတလွှား အာဏာရှင် နိုင်ငံ အနည်းဆုံး ၁၀ နိုင်ငံက သုံးပြီး နိုင်ငံရေး အတိုက်အခံတွေကို ပစ်မှတ်ထားခဲ့ကြောင်း အသေးစိတ် အချက်အလက်တွေ၊ သက်သေတွေကို သတင်းမီဒီယာ ၁၆ ခု ပူးပေါင်းဖော်ထုတ် - တိုကျိူအိုလံပစ်ပွဲ ဝင်မယ့် အားကစားသမားတွေ၊ ပြိုင်ပွဲ တာဝန်ရှိသူတွေ ထဲက ကိုဗစ်ပိုးတွေ့သူ အရေအတွက် များလာနေ ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - /thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဇာနည်နေ့ #NUG #ကင်မ် #Kim #ဒေါ်အောင်ဆန်းစုကြည် #ဒေါက်တာဇော်ဝေစိုး #ဂျပန် #တိုကျိူအိုလံပစ် #ကိုဗစ် #အောက်စီဂျင်

Category

Show more

Comments - 131